ဈေးကွက်ဈေးနှုန်း

ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) တွင်အသစ်ထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားမည့်ထပ်မံ ရွေးချယ် ထားသောကဏ္ဍတစ်ခုဖြစ်သည့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းကဏ္ဍနှင့် ပတ်သက် ပြီး ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစားသုံးရေးရာဦးစီးဌာန၊ ဒုတိယ ထပ် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မဟာဗျူဟာကုန်သွယ်မှု မြှင့်တင် ရေးဌာနခွဲမှညွှန်ကြားရေးမှူးဦးသန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ဒစ်ဂျစ် တယ်ကဏ္ဍ၌ထည့်သွင်းထားသော အတည်ပြုခြင်း ၎င်းကဏ္ဍအတွက် Strategy Design ရေးဆွဲ၍ Action Plan ထွက်ရှိအောင်ရေးဆွဲလုပ်ဆောင်မည့်အစီအစဉ်များ ကဏ္ဍအမည်ကို Digital Product and Services အဖြစ် ပြောင်းလဲအတည်ပြုခြင်း၊ လက်ရှိဒစ်ဂျစ်တယ် ကဏ္ဍနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီနှင့် ဌာန/အဖွဲ့အစည်းများအလိုက် ဆောင်ရွက်ထားမှု များ ကို ဝိုင်းဝန်းဆွေးနွေးကြပါသည်။ဆက်လက်၍ GIZ မှ Head of Component Mr.Herrik Wichmann မှ ပုဂ္ဂလိကကဏ္ဍ၊ အသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ Private Sector Development အစီအစဉ်အောက်မှ ဆောင်ရွက်ပေးနေသည့် အစီအစဉ်များကိုလည်းကောင်း ၊ Impact Hub Co.ltd မှ ဦးကျော်မြတ် စိုးမှ Asia Pacific week Berlin 2019 ခရီးစဉ်သွားရောက်ခဲ့မှုနှင့် ရရှိလာသော အတွေ့အကြုံ များကိုလည်းကောင်းရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေး နွေးပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲမှတာဝန်ရှိသူများ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၊ GIZ Impact Hub Co.ltd နှင့် ဖန်တီးရာကုမ္ပဏီ City Mart Co.ltd မြန်မာကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာပညာရှင် များအသင်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

         

 

                                                                                                       NES Unit